အဖြေကတော့ ရှင်းပါတယ်။ ဒီဘက်ခေတ်မှာ အရင်ကထက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုများပြားလာသလို စိန်ခေါ်မှူတွေလည်း ပိုမိုများပြားလာပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းကောင်းတဲ့ နေရာကို လိုချင်ရင်တော့ ထိုက်တန်တဲ့ ကိုယ်ပိုင်အရည်အချင်းတွေလည်း လိုအပ်ပါတယ်။ အကယ်၍ သင်ဟာ ယနေ့ခေတ်မှာ ကွန်ပြူတာအခြေခံနဲ့ အင်္ဂလိပ်စာအခြေခံလောက်တောင် မပိုင်နိုင်ထားဘူးဆိုရင်တော့ သင့်အတွက် အခွင့်အလမ်းတွေကတော့ နည်းပါးနေအုံးမှာပါ။
ဘာကြောင့်လဲဆိုတော့ လုပ်ငန်းခွင်တိုင်းဟာ အရည်အချင်းရှိသူ/ပြည့်ဝသူ/ကြိုးစားသူတွေကို အမြဲလိုအပ်နေလို့ပါဘဲ။ အကယ်၍ သင်သာ ကြိုးစားချင်စိတ်ရှိသူ၊တိုးတက်ချင်စိတ်ရှိသူဆိုရင်တော့ကွန်ပြူတာအခြေခံနဲ့ အင်္ဂလိပ်ဘာသာစကား သင်တန်းတွေကို လေ့လာသင်ကြားထားသင့်ပါတယ်။